(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘယ်လင်းအကျဉ်းဦးစီးဌာနမှ အကျဉ်းသား (၃၃)ဦး လွတ်ငြိမ်းခွင့်ရရှိ

စဉ့်ကိုင်  ဇန်နဝါရီ   ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁.၄.၂၀၂၄)ရက်နေ့ ရက်စွဲပါအိမ့်အမှတ်(၁/၂၀၂၄)ဖြင့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်း အမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ အကျဉ်းသားများ လွတ်ငြိမ်း ချမ်းသာခွင့်များပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဘယ်လင်းအကျဉ်းဦးစီးဌာန အမှတ်(၁) ကုန်ထုတ်စခန်းအစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က အကျဉ်းသား(၃၃)ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊ အတွင်းရေးမှူးရဲမှူး သိန်းလွင်၊ အမှတ်(၁)ကုန်ထုတ်စခန်း တာ၀န်ခံလက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုမီးသတ်ဦးစီးမှူး ဦးနေမိုးအောင်နှင့်တာ၀န်ရှိသူများ၊ အကျဉ်းသားများ တက်ရောက်ခဲ့ကြပြီးအမှတ်(၁) ကုန်ထုတ်စခန်းတာ၀န်ခံ  လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်က လွတ်ငြိမ်းခွင့်အမိန့်အား ဖတ်ကြားခဲ့ပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့၀င်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးသိန်းလွင်တို့က အကျဉ်းသားများအား ဆုံးမစကားအသီးသီးပြောကြားခဲ့သည်။

ဆက်လက်၍ ကုန်ထုတ်စခန်းတွင် ပြစ်ဒဏ်ကျခံစဉ်ရရှိခဲ့သည့် အကျိုးခံစားခွင့်များအား ထုတ်ပေးခဲ့သည်။ ဘယ်လင်းအကျဉ်းဦးစီးဌာန   အမှတ်(၁)ကုန်ထုတ်စခန်းမှအကျဉ်းသား(၁၇)ဦးနှင့် အမှတ်(၂) ကုန်ထုတ်စခန်းမှအကျဉ်းသား(၁၆)ဦး၊ စုစုပေါင်း အကျဉ်းသား(၃၃)ဦးတို့အား အကျဉ်းဦးစီးဌာန အစီအစဉ်ဖြင့် ရထားဘူတာနှင့် ကားဂိတ်များသို့မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်)