အလုံမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ကျပန်းစကားပြော ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

အလုံ ဇန်နဝါရီ 

ကျောင်းသားလူငယ်များအနေဖြင့် လွတ်လပ်ရေးကို အလေးမြတ်တန်ဖိုးထား ကာကွယ်စောင့်ရှောက်ရန်နှင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို သိရှိစေရန်အတွက် ရည်ရွယ်ကာ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ  ၁ နာရီအချိန်က ရန်ကုန်အနောက်ပိုင်း ခရိုင်၊ အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြူဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဥ်ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက် ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ချိုက ပြိုင်ပွဲများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်ပြိုင်ပွဲများကို  ကျင်းပရာ  ကျပန်းစကားပြောပြိုင်ပွဲတွင်  တန်ဖိုးထားစောင့်ရှောက် ကာကွယ်လွပ်လပ်ရေးအမွေ၊ လွပ်လပ်ရေးနှင့် လူငယ်တာဝန်စသည့် ကျရာခေါင်းစဥ်ဖြင့် မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူ (၁၁) ဦးမှ လည်းကောင်း၊  မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် လွတ်လပ်ရေးနှင့်သက်ဆိုင်သည့် ကဗျာများဖြင့် မြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မူ ကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၆) ဦးတို့မှလည်းကောင်း ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။

ထို့နောက် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ(၁၁)ဦးတို့အားတာဝန်ရှိသူများကဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်းသိရှိရပြီး တက်ရောက်လာသူများသည်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ  ခင်းကျင်းပြသထားသည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ် စာစောင်၊ စာအုပ်စာစောင်များ၊ လက်ကမ်းစာစောင်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

တင်ဆင်ချို (ပြန်/ဆက်)