ထန်းတပင်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြော

ထန်းတပင် ဇန်နဝါရီ

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ (Community Centre) တွင် ကျင်းပသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အေးက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်များကို ရှင်းလင်းပြောကြားခဲ့ပြီး လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြောင်းအရာများကို တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောပြောသည်။

ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များအား စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရန်၊ အသိပညာဗဟုသုတများ ပိုမိုသိရှိစေရန်နှင့် လွတ်လပ်ရေးနေ့အကြောင်းအရာများကို သိရှိနားလည်စေရန်အတွက် အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူကိုလည်း (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားသည့် သတင်းစကားလက်ကမ်းစာစောင်များကို (အခမဲ့) ဖြန့်ဝေပေးခဲ့ကြသလို ကျောင်းသား၊ ကျောင်းသူများကလည်း (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြသထားသည့် နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)