ညောင်ရွှေ ဇန်နဝါရီ ၄
အခြေခံပညာ ကျောင်းသား၊ကျောင်းသူလေးများ လွတ်လပ်ရေးတန်ဖိုးကို အလေးထားမြတ်နိုးတတ်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်နိုးကြားလာစေရန်၊ တိုင်းချစ်ပြည်ချစ်စိတ်များ တိုးပွားလာစေရန်အတွက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ် ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က လွတ်လပ်ရေးနေ့သမိုင်းကြောင်း သိကောင်းစရာ၊ လွတ်လပ်ရေးထိန်းသိမ်း စောင့်ရှောက်ရေးနှင့် မျိုးဆက်သစ်များ၏ အခန်းကဏ္ဍ၊ စာဖတ်ခြင်းနှင့် အသိပညာတိုးတက်မှု အကြောင်းများကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။
ထို့နောက် ဟောပြောပွဲတက်ရောက်လာသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ