ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနာ ဇန်နဝါရီ ၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အခမ်းအနားများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲ ၁ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရှေးဦးစွာ မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်အတွင်း Safe & Sure One Stop Auto Service Centre သို့သွားရောက်ပြီး ကချင်ပြည်နယ်၌ ပထမဆုံးအကြိမ် အိမ်စီး AUTO ကားများအတွက် တစ်နေရာထဲတွင် ခေတ်မီနည်းပညာမြင့် စက်ပစ္စည်းများ One Stop Service ပြုပြင်ဆောင်ရွက်ပေးနေသော ဝန်ဆောင်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းပြသမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်းရှိ ယဉ်ကျေးမှု ပြတိုက်သို့သွားရောက်ပြီး ပြတိုက်ဝင်းအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် (၉၄၄ ဒဿမ ၈၈၀)သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ပြတိုက်တိုးချဲ့ဆောင် (၆၀ ပေ × ၁၂၀ ‌ပေ × ၃၂ ပေ)နှင့် (၄၂ ပေ × ၂၀ ‌ပေ × ၁၂ ပေ) အဆောက်အအုံသစ်တည်ဆောက်နေမှု အခြေအနေများကိုလည်းကောင်း၊ အဆိုပါရပ်ကွက် အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၁၁၈၈)သန်းဖြင့် ယခင်မြို့တော်ခန်းမ ဟောင်းနေရာတွင် မြို့အင်္ဂါရပ်နှင့်အညီ ခေတ်နှင့်လျော်ညီသည့်  ခေတ်မီမြို့တော်ခန်းမသစ် အဆောက်အုံတည်ဆောက်နေမှု အခြေအနေများအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ပြီးစီးရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ကျွန်းတောနေရာ၌ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် ဌာနဆိုင်ရာများနှင့် ကုန်ထုတ်လုပ်မှုပြခန်းများ ခင်းကျင်းပြသနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် ကားပါကင်တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် ပြခန်းအတွက် အခန်းများ ကာရံ‌ဆောင်ရွက်နေမှုအခြေအ‌နေများကိုလည်းကောင်း၊ ရုံးရှေ့မြက်ခင်းပြင်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားအတွက် ဆပ်ကော်မတီများအလိုက် လုပ်ငန်းဆောင်တာများ ဆောင်ရွက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအချိန်မီ ပြီးစီးအောင်ဆောင်ရွက်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)