သံတွဲ ဇန်နဝါရီ ၃
သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄)ကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က အဖွင့်အမှာစကား ပြောကြားရာတွင် ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအသိသတိဖြင့် သွားလာဆောင်ရွက်ကြရန်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့်လုပ်ငန်ညှိနှိုင်းအစည်းအဝေးကို အပတ်စဉ်ဗုဒ္ဓဟူး နေ့တိုင်းကျင်းပလျက်ရှိပြီး ဌာနချင်းပေါင်းစပ်ဆောင်ရွက်ရမည့်ကိစ္စများကို ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည့်အတွက် အခက်အခဲရှိက တင်ပြကြရန်၊ ဌာနများစည်းစည်းလုံးလုံးဖြင့် ပူးပေါင်း ဆောင် ရွက်ကြရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။ ၎င်းနောက်ခရိုင်အဆင့်ဌာနဆိုင်ရာမျာက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြကြရာ ဥက္ကဋ္ဌကလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့်ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုဦးစီးဌာနမှခရိုင်ဦးစီးမှူးများ၏တင်ပြချက်မိုးစပါးစိုက်ဧက ၆၁၅၉၃ ဧက စိုက်ပျိုးထားရှိရာယနေ့အထိ ၅၅၈၆၉ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ ယခင်နှစ်ထက်တစ်ဧကလျှင် ၂၁.၇၄တင်းနှုန်းပိုမိုထွက်ရှိကြောင်း သိရသည်။ သံတွဲခရိုင်အနေဖြင့် ခရိုင်အဆင့်လူရည်ချွန်ရွေးချယ်ပွဲကို ယခုလ၉ရက်နေ့တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲများကျင်းပလျက်ရှိပြီးဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့အခမ်း အနားတွင်ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)