သပိတ်ကျင်း ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၊ ကဘဲ့ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက်ပိုင်းက အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအားကစားပြိုင်ပွဲများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး KG တန်းနှင့် Grade-1 ကျောင်းသား၊ကျောင်းသူများအား မီတာ (၅၀၊ ၇၅၊ ၁၀၀၊) အပြေးပြိုင်ပွဲ၊ ပူစီဖောင်း ဖောက်ပြိုင်ပွဲများ ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မွေးကင်းစမှ (၆)လနှင့် (၆)လမှ (၁)နှစ် အတွင်းရှိ ကလေးငယ်များအား ကလေးပြိုင်ပွဲ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ကလေးငယ် (၅၀) ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်ကလေး ( ၅၀)ဦးအား ငွေကျပ်(၅၀၀၀)နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု၊ ရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်စန္ဒာထွန်းနှင့် တာဝန်ရှိသူများမှ ဆုများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)