မိုင်းခုတ်မြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မိုင်းခုတ် ဇန်နဝါရီ ၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်၁၀နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ မြို့ပေါ်ရှိ စာသင်ကျောင်းများသို့ အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့‌ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် (၇၆) နှစ်မြောက် လွတ်လပ်‌ရေးနေ့ အမျိုးသားဦးတည်ချက် (၅) ရပ်၊ ရှေ့သို့လှမ်းချီပန်းတိုင်ဆီ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၄-၁-၂၀၂၃ရက်နေ့ (၇၅) နှစ် မြောက်စိန်ရတုလွတ်လပ်‌ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်)၊ ပြည်တွင်းစည်လုံးညီညွတ်မှုကသာလျှင် အဓိကအကျဆုံးဖြစ်၊ အမျိုးသားညီညွတ်ရေး (ဗိုလ်ချုပ်အောင်ဆန်း၂၀-၁-၁၉၄၆ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ ပြောကြားသောမိန့်ခွန်းမှ ကောက်နုတ်ချက်)၊ မြန်မာနိုင်ငံသားတို့၏ မွေးရာပါတာဝန် (၂၀၂၃ခုနှစ်၊ဇန်နဝါရီလ ၃ ရက်‌နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ကောက်နုတ်ချက်)၊ လွတ်လပ်‌ရေးဆိုသည်မှာ (၂၀၂၃ခုနှစ်၊ဇန်နဝါရီလ ၄ ရက်‌နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ )၊ ဆောင်ပုဒ်များ၊ကာတွန်းများစသည့် အကြောင်းအရာများကို ဖော်ပြထားကြောင်းသိရှိရသည်။

သီတာအေး(ပြန်/ဆက်)