ဝမ်းတွင်း ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ဝမ်းတွင်း-သဲတော လမ်းမကြီးပေါ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားအစီအစဉ်အရ ဝမ်းတွင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်မြင့်က ဝမ်းတွင်း-သဲတောလမ်းမကြီးအား ကွန်ကရစ်ချဲ့ခင်းခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ကွက်နေပြည်သူများကိုယ်စား မြို့မိမြို့ဖ ဦးမြဟန်က လမ်းမကြီးချဲ့ခင်းပေးမှုအပေါ် ကျေးဇူးတင်စကားပြန်လည်ပြေားကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲမြင့်သိန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမြင့်ဆွေဦး၊ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းကျော်သူ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်မြင့်တို့က လမ်းအားဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး လမ်းဖွင့်ပွဲအထိမ်းအမှတ် အလံများပေးအပ်ခဲ့ကြသည်။ ဆက်လက်ပြီး တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဧည့်သည်တော်များက လမ်းအားကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ ဝမ်းတွင်း-သဲတော လမ်းမကြီး ကွန်ကရစ်ခင်း၍ လမ်းချဲ့ခြင်းအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ်၊ ကုန်ကျငွေ (၁၁၉.၉၀၈)ကျပ်သန်း အကုန်ကျခံကာ GREAT MEMORY Co.,Ltd ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး လမ်းအတိုင်းအတာအနေဖြင့် (အရှည်ပေ ၁၂၇၀၊ အကျယ် (၉)ပေ၊ ထု ၉ လက်မ)ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)