လှည်းကူးမြို့နယ်၊ ဇလုတ်ကြီးကျေးရွာ၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

လှည်းကူး ဇန်နဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား ယနေ့နံနက် ၁၀ နာရီက ဇလုတ်ကြီးကျေးရွာအုပ်စု၊ ဇလုတ်ကြီးကျေးရွာရှိ အဆိုပါလမ်းမုဒ်ဦးရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးက စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ကွန်ကရစ်လမ်းသစ်အား အင်းတိုင်တပ်နယ်၊တပ်နယ်မှူး၊ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်လင်းသန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နန်းထက်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁)ဗိုလ်မှူးဝင်းလွင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါရွာတွင်း ကွန်ကရစ်လမ်းသည် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂ ၄ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံဖြိုးတိုးတက်ရေး (VDP)စီမံကိန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး လမ်းအရှည် (၇၈၅)ပေ၊ လမ်းအကျယ်(၈)ပေနှင့် ထု (၆) လက်မရှိပြီး အဆိုပါကွန်ကရစ်လမ်းဆောင်ရွက်ပေးခြင်းဖြင့် ကျေးရွာလူထုလူမှုစီးပွားရေးဖွံ့ဖြိုးရန်အတွက် အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း မြို့နယ်ကျေးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရှိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)