မတ္တရာ ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့် Grade-9နှင့် အခြေခံပညာမူလတန်းအဆင့် Grade-5 တို့၏ စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က(မတ္တရာ) အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးအောင်ထွန်းလှတို့မှအခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်ကြီးများ၊ တာဝန်ခံကျောင်းအုပ်ကြီးများအား အဖွင့်အမှာစကားနှင့် အားပေးစကားများပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်ဆွေဝင်းနှင့် ကျောင်းအုပ်ကြီး(၅)ဦးတို့မှ အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပ ဆွေးနွေးပို့ချခဲ့ကြကြောင်းသိရသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်ကြီးများ၊ တာဝန်ခံကျောင်းအုပ်ကြီးများ စုစုပေါင်း(၂၀၀)ဦးတက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲအား နံနက်(၁၀) မှ ညနေ (၄)နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)