မန္တလေးတက္ကသိုလ်၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ

မဟာအောင်မြေ ဇန်နဝါရီ   ၃

မန္တလေးတက္ကသိုလ်၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို အင်းဝ(၉)ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းက တက်ရောက်လာကြသော မောင်မယ်သစ်လွင်များအား နွေးထွေးလှိုက်လှဲစွာ ကြိုဆိုကြောင်း၊ နှုတ်ခွန်းဆက်စကား ပြောကြားခြင်းနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး)များနှင့် စီမံဌာနမှူးများအား မိတ်ဆက်ပေးခဲ့ပြီး ဝိဇ္ဇာဘာသာရပ် ပါမောက္ခ(ဌာနမှူး)များ (ကိုယ်စား) ဒေါက်တာစိုးစန္ဒာစန်း (ပါမောက္ခ၊ဌာနမှူး)၊ ပထဝီဝင်ဌာနက ဝိဇ္ဇာပညာရပ်ဆိုင်ရာ သိကောင်းစရာများကို ပြောကြားခြင်း၊ သိပ္ပံဘာသာရပ် ပါမောက္ခ(ဌာနမှူး)များ (ကိုယ်စား) ဒေါက်တာသင်းမြတ်နွယ် (ပါမောက္ခ၊ ဌာနမှူး)၊ ဓာတုဗေဒဌာနက သိပ္ပံပညာရပ်ဆိုင်ရာ သိကောင်းစရာများကို ပြောကြားခြင်း၊ ပထမနှစ် (၂၀၂၃ တက္ကသိုလ်ဝင်တန်းအောင်)များမှ အမှတ်အများဆုံး ပထမ၊ ဒုတိယ၊ တတိယရရှိပြီး ဝင်ရောက်လာသူ ကျောင်းသူ(၃)ဦးအား ဂုဏ်ပြု ဆုချီးမြှင့် ပေးခဲ့ပြီး မန္တလေးတက္ကသိုလ်၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက်ရောက်လာသော ကျောင်းသား/သူများအား မန္တလေးတက္ကသိုလ် ဆရာ၊ဆရာမက နွေးထွေးစွာကြိုဆိုခဲ့ကြောင်းသိရသည်။

အောင်ဇော်မင်း