ကာမိုင်း ဇန်နဝါရီ ၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ အ.ထ.က(ခွဲ) မြို့မ-၂ ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ ကျောင်းတွင်းအားကစားပြိုင်ပွဲများကို မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်မှ ကျောင်းသား၊ ကျောင်းသူများအား ပါဝင်ယှဥ်ပြိုင်ကြပြီး ကျား/မ မီတာ(၅၀)/(၁၀၀)အပြေးပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်၊ မုန့်စား၊ ဖားခုန်၊ အာလူးကောက်၊ ပန်းကန်ပြားရွက်၊ သုံးချောင်းထောက်ပြေး၊ စကောရွက်၊ သံပုံးရိုက်၊ အပ်နဖားထိုးပြိုင်ပွဲများနှင့် စာစီစာကုံးပြိုင်ပွဲ စသည့် အားကစားနည်း (၁၁)မျိုးကို ယှဥ်ပြိုင်ကစားကြပြီး ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဇန်နဝါရီလ (၄)ရက်တွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးယုခိုင်က ဆုများ အသီးသီး ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)