ပင်လုံမြို့ (Community Centre) ခန်းမ၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပင်လုံ ဇန်နဝါရီ ၃

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ပင်လုံမြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်၁၀နာရီအချိန်ခန့်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက ဟောပြောပွဲလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် ကျောင်းသား လူငယ်များအား (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ်နှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးအကြောင်းအရာများ၊ လွတ်လပ်ရေးအနှစ်သာရကို သိရှိစေရန်နှင့် တန်ဖိုးထားကာကွယ်ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် “ထိန်းသိမ်းစို့လေ လွတ်လပ်ရေးအမွေ” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာဖတ်ခြင်းဖြင့် အဆိုးအကောင်းအကျိုးအကြောင်း ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာအုပ်စာပေဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများရှိစေနိုင်ကြောင်းကို စာဖတ်ခြင်းဥပမာခေါင်းစဥ်ဖြင့်လည်းကောင်း ဟောပြောခဲ့ပြီး (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပါသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသော (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်တွင် ပြသထားသော လွတ်လပ်ရေးနေ့ သမိုင်းကြောင်းမှတ်တမ်းပုံများ၊ လွတ်လပ်ရေးနေ့တွင် ကျင်းပပြုလုက်သော ပျော်ပွဲရွင်ပွဲပုံများ၊ အားကစားပြိုင်ပွဲပုံများနှင့် မြို့နယ်တွင်လှုပ်ရှားမှုမှတ်တမ်းပုံများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)