မန်ကန်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ဆောင်ရွက်

မန်ကန် ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ သတင်းစကား လက်ကမ်းစာစောင်အား ယနေ့နံနက်(၁၁း၀၀)နာရီအချိန်က မန်ကန်မြို့(အ-ထ-က) ကျောင်းတွင် သွားရောက်ဖြန့်ဝေခဲ့သည်။

လက်ကမ်းစာစောင်များကို ဖြန့်ဝေရာတွင် မြို့ရုံးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မန်ကန်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် သွားရောက်ဖြန့်ဝေခဲ့ရာ အဆိုပါလက်ကမ်းစာစောင်များကို ဖြန့်ဝေရာတွင် ကျောင်းသားလူငယ်များအား အသိပညာတိုးပွားစေရေး၊ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းမှုပုံရိပ်များ၊ လွတ်လပ်ရေးကို အစဉ်တန်ဖိုးထားတတ်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ စီစဉ်ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့သည်။ လက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားဦးတည်ချက်များ၊ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ(၂၀)ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ (၄-၁-၂၀၂၃)ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ ပြည်တွင်းစည်းလုံးညီညွှတ်မှုသာလျှင် အဓိကအကျဆုံးဖြစ်ကြောင်းဆောင်းပါး၊ ကာတွန်းနှင့်ကဗျာ စသည့် အကြောင်းအရာများပါဝင်ကြောင်း သိရသည်။

အေးကပ်(မြို့နယ်၊ ပြန်/ဆက်)