တပ်ကုန်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စက်ဘီးစီးပြိုင်ပွဲကျင်းပ 

တပ်ကုန်း ဇန်နဝါရီ ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စက်ဘီးစီးပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီက မြို့တွင်း ဗိုလ်ချုပ် ကြေးရုပ်အနီးစုရပ်တွင် စတင်တာလွှတ်ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါစက်ဘီးစီးပြိုင်ပွဲတွင် စက်ဘီးအဖွဲ့ကော်မတီဝင် ဦးချစ်ဆွေက ပြိုင်ပွဲစည်းကမ်းချက် များကို ရှင်းလင်းပြောကြားပြီးနောက် တာလွှတ်စုရပ်မှ  မြို့တွင်းရန်ကုန် - မန္တလေးကားလမ်း၊ ကပစလမ်း၊ မြို့နယ်အားကစားကွင်းထိ ပြိုင်ပွဲခရီးတာ ၁၅ မိုင်ဖြစ်ပြီး၊ စက်ဘီးစီး အားကစားသမားများအား မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်လင်းထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ် စက်ဘီးအဖွဲ့ ကော်မတီဝင်များက သတ်မှတ်ပန်းတိုင်းဝင်နေရာမှ ကြိုဆိုခဲ့ပြီးနောက် တာဝန်ရှိ သူများက ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆုရရှိသူများအား ဆုတံဆိပ်နှင့်ဆုငွေများ ပေးအပ် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်