သပိတ်ကျင်း ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင် သပိတ်ကျင်းမြို့နယ်တွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သပိတ်ကျင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းအိမ်ယာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က ကဘဲ့ရပ်ကွက် ကမ္ဘာအေးကွက်သစ် ကွန်ကရစ်လမ်းသစ်တွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်ကယခုဖွင့်လှစ်သည့် ကွန်ကရစ်လမ်းမှာ ဌာနဆိုင်ရာ ရုံးပေါင်းစုံနှင့် ဝန်ထမ်းအိမ်ယာသို့ ဆက်သွယ်ထားပြီး မြို့ပတ်လမ်းအဖြစ်လည်း အသုံးပြုနိုင်သည့်အတွက် မြို့နေပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အလွယ်တကူအသုံးပြုနိုင်ရန် ဆောင်ရွက်ပေးထားခြင်းဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် ဝိုင်းဝန်းထိမ်းသိမ်းဆောင်ရွက်ရန်လိုကြောင်း အဖွင့်အမှာစကားတွင် ပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးကိုကိုကျော်က မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခဲ့သည့်အရှည်ပေ (၇၈၅×၁၄) ကွန်ကရစ် လမ်းအား ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်း (၁၃.၉၇)ဖြင့် ပေ(၇၈၅×၆)အား စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ပေ(၇၈၅×၁၄) အား ကျပ်သန်း(၃၇.၂၃)ဖြင့် ဆောင်ရွက်ခဲ့ကြောင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကာ ကွန်ကရစ်လမ်းသစ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်နှင့် ခရိုင်အဖွဲ့င်များ၊ တာဝန်ရှိသူများမှ ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ဝန်ထမ်းအိမ်ရာကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားသို့ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီး အကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများ၊ ဒေသခံ ပြည်သူများ၊စုစုပေါင်း အင်အား (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)