ဂွမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဂွ ဇန်နဝါရီ ၃

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နေ့လယ်ပိုင်း၌ ကျောင်းသားကျောင်းသူများအား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၅)ရပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်၊ ပြည်တွင်းစည်းလုံးညီညွတ်မှု ကသာလျှင် အဓိကအကျဆုံးဖြစ် ဆောင်းပါး၊ (၂၀-၁-၁၉၄၆)ရက်နေ့၊ အလယ်ပစ္စယံညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော အမျိုးသားညီညွတ်ရေး မိန့်ခွန်းကောက်နှုတ်ချက်၊ ကဗျာ၊ သရုပ်ဖော်ကာတွန်းနှင့် ဆောင်ပုဒ်များ စသည့် စိတ်ဝင်စားဖွယ် အကြောင်းအရာများ ကဏ္ဍစုံလင်စွာ ပါဝင်ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်