ပေါင်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲ ပြုလုပ်

ပေါင် ဇန်နဝါရီ ၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနပေါင်းစုံပိုက်ကျော်ခြင်း ပြိုင်ပွဲပြုလုပ်ခြင်းကို ယနေ့နံနက် (၈) နာရီက မြို့နယ်အားကစားရုံ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသံမရောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ‌ဦးစီးအရာရှိ ဒေါ်အေးသီတာအောင်တို့က စတင်ယှဉ်ပြိုင်ကြမည့် အသင်းများအား စည်းမျဉ်း၊ စည်းကမ်းများ ပြောကြားပြီး ပါဝင်ယှဉ်ပြိုင်ကြမည့် အသင်းသားများက မဲနိုက်ပြီး အမှတ်စဉ်သတ်မှတ်ကာ ပြိုင်ပွဲကိုစတင်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ဌာနဆိုင်ရာအသင်း (၅)သင်းက ပါဝင်ယှဉ်ပြိုင်ကစားကြပြီး ဆုရရှိသူများအား ဇန်နဝါရီ (၄)ရက် လွတ်လပ်ရေးနေ့တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပေါင် (ပြန်/ဆက်)