စဉ့်ကိုင် ဇန်နဝါရီ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းပေါင်းစုံ အခြေခံပညာ အလယ်တန်းအဆင့် ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်း၊ စည်းမျဉ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် “လွတ်လပ်ရေးနေ့နှင့် အမျိုးသားရေးစိတ်ဓါတ်” ခေါင်းစဥ်ဖြင့် စာစီစာကုံး ပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ(၁၈)ဦးဝင် ရောက်ယှဉ်ပြိုင်ပြီး၊မွန်းလွဲ ၁နာရီအချိန်တွင် ”ဖွံ့ဖြိုးဝေစည် မြန်မာပြည်” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ(၁၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ ပြိုင်ပွဲများအပြီးတွင် ပြိုင်ပွဲဝင်ကျောင်းသား/သူများက မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသော သုတရသစုံလင်သော စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်မှတ်ခဲ့ကြကြောင်းသိရသည်။
ကျော်စွာ (စဉ့်ကိုင်)