ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံကျောင်းများတွင် စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာရောင်းချ

ဒဂုံတောင် ဇန်နဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဥ်မှုဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံကျောင်းများသို့  ကြက်သား၊ ငါး၊ ကြက်ဥနှင့် ဘဲဥများကို ဈေးနှုန်းချိုသာစွာဖြင့်  မြို့နယ်အလိုက် ရောင်းချပေးလျက်ရှိရာ  ယမန်နေ့နံနက် ၉ နာရီခွဲအချိန်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်၊ စီးပွား‌ရေးတက္ကသိုလ်(ရွာသာကြီး)၊ အစိုးရနည်းပညာ‌ကောလိပ်တို့ရှိ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ/ဆရာမများအား ရောင်းချပေးကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်၏ကြီးကြပ်မှုဖြင့် ဝန်ထမ်းများကရောင်းချပေးပြီး ကြက်သားတစ်ပိဿာလျှင်(၅၉၅၀)ကျပ်၊ ငါးမြစ်ခြင်းတစ်ပိဿာလျှင်(၄၈၀၀)ကျပ်၊ ဘဲဥတစ်လုံးလျှင်(၂၈၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင်(၂၀၀)ကျပ်နှုန်းဖြင့် ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများအား  အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွင် ငါး(၁၀)ပိဿာ၊ ကြက်သား(၁၀)ပိဿာ၊ ကြက်ဥ(၆၀၀)လုံး၊ ဘဲဥ(၂၇၀)လုံး၊ စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)တွင် ငါး(၁၀)ပိဿာ၊ ကြက်သား(၁၀)ပိဿာ၊ ကြက်ဥ(၆၀၀)လုံး၊ ဘဲဥ(၂၇၀)လုံး၊ အစိုးရနည်းပညာကောလိပ်တွင် ငါး(၁၀)ပိဿာ၊ ကြက်သား(၁၀) ပိဿာ၊ ကြက်ဥ (၆၀၀)လုံး၊ ဘဲဥ(၂၇၀)လုံး ရောင်းချ‌‌ပေးကြောင်း သိရသည်။

 “ရပ်ကွက်မှာလာရောင်းတာ အလုပ်နဲ့‌ဆို‌တော့ ဝယ်လို့အဆင်‌မပြေဘူး ဒီလိုလာရောင်းပေးတော့အဆင်ပြေတယ် ပြင်ပဈေးထက် ပိုဈေးသက်သာတယ်၊  ကျေးဇူးတင်ပါတယ်”ဟု  ဆရာမတစ်ဦး၏ ပြောကြား‌ချက်ကိုလည်း  ယခုလိုကြားသိရသည်။

သန်းသန်းအေး