ပုဗ္ဗသီရိ ဇန်နဝါရီ ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ခုတင်-၃၀၀ဆံ့ ပြည်သူ့ကျန်းမာရေးဆေးရုံ၌ ဆေးရုံအခြေပြုဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး Pfizer ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ဆေးရုံအခြေပြုဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေးခြင်းကို တိုင်းကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ကျန်းမာရေး ခုတင်-၅၀ဆံ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့် ဥတ္တရသီရိမြို့နယ် ပြည်သူ့ကျန်းမာရေး ခုတင်-၅၀ဆံ့ဆေးရုံမှ ဝန်ထမ်းများက ပူးပေါင်း၍ ခုတင်-၃၀၀ဆံ့ ဆေးရုံအခြေပြုဝန်ထမ်း ၂၀၀ ဦး၊ ခုတင်-၅၀ဆံ့နှင့် သွားဆေးရုံမှ ဆေးရုံအခြေပြုဝန်ထမ်း ၁၀၀ ဦး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆေးရုံအခြေပြုဝန်ထမ်း ၃၂၅ ဦး၊ စုစုပေါင်း ၆၂၅ ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)