မိုင်းဆတ်မြို့၌  (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ပန်းချီပြိုင်ပွဲကျင်းပ

မိုင်းဆတ် ဇန်နဝါရီ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းတည့်(၁၂)နာရီခွဲက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ပန်းချီပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကိုသိရှိပြီး အစဉ်ထိန်းသိမ်း တတ်စေရန်၊ ပန်းချီအမြင်၊ ပန်းချီစွမ်းရည်၊ ရောင်စုံကာလာအသုံးပြုနိုင်မည့် စွမ်းရည်များဖွံ့ဖြိုးတိုးတက် လာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးနှင့် တွေးခေါ်ကြံဆနိုင်စွမ်းမြင့်မားစေရန် ပြိုင်ပွဲများကျင်းပပြုလုပ် ပေးခြင်းဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၈)ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုသည့်အနေဖြင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဗလာစာအုပ်များ ပေးအပ်ချီးမြှင့်ခဲ့ ကြောင်းသိရသည်။

မြင့်မောင်(မိုင်းဆတ်)