ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၂
၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ရောက်ရှိမည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုခန်းမတွင် ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်ဦးက ကျောင်းသား၊ ကျောင်းသူများအားလွတ်လပ်ရေးနေ့နှင့် ပတ်သက်၍ ဗဟုသုတရရှိစေရန် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံနှင့် လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြမှုများကို အသိပညာပေးဟောပြောသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက “လွတ်လပ်ရေးကို ထိန်းသိမ်းစို့” ခေါင်းစဥ်ဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် “လွတ်လပ်ရေးပွဲဒို့ဆင်နွှဲ” ကဗျာပြိုင်ပွဲ ကိုယှဥ်ပြိုင်ကြရာ ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများကို ဦးစီးအရာရှိနှင့် ဝန်ထမ်းမျာက အမှတ်တရဆုလက်ဆောင်များ ချီးမြှင့်ပေးကြပြီး၊ ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြသထားသည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာအုပ်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)