ခိုလမ်မြို့ ခလရ (၆၆) ကျောင်းတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကျင်းပ

ခိုလမ် ဇန်နဝါရီ ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့တွင် အခြေခံပညာမူလတန်း (ခလရ၆၆) ကျောင်းနှင့် ပူးပေါင်း၍ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ကျင်းပခဲ့​ပါသည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးလွှမ်းသူနောင်မှ ကျောင်းသား/သူများအနေဖြင့် နေ့ထူးနေ့မြတ်များကို အလေးအနက် ထားရန်နှင့် မမေ့မလျော့ကြရန် ပြောကြားခဲ့ပြီး (စာကြည့်တိုက်လက်ထောက်-၃) ဒေါ်ဝေဝေအောင်မှ  လွတ်လပ်ရေး၏ အဓိပ္ပာယ်များ၊ မြန်မာတစမျိုးသားလုံး၏ သူ့ကျွန်မခံလိုသောစိတ်ဓာတ်၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့ပုံများ၊ အဖိုးတန်သောလွတ်လပ်ရေးကို တန်ဖိုးထားတက်စေရန် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/သူတို့မှ စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)