ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ၂၀၂၄ ခုနှစ် မီနီမာရသွန်ပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး အားကစားဆပ်ကော်မတီ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲဝင်မည့် ပြည်

မြစ်ကြီးနား     ဇန်နဝါရီ ၂

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၁၀)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့တွင် ပျော်ပွဲရွှင်ပွဲအားကစား ပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ် အစိုးရအဖွဲ့ဝင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၂ နာရီက မီနီမာရသွန်ပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ် သည်။

မီနီမာရသွန်ပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးက လာမည့် ဇန်နဝါရီ (၄)ရက် လွတ်လပ်ရေးနေ့နှင့် ဇန်နဝါရီ (၁၀) ရက် ကချင်ပြည်နယ်နေ့တို့ကို ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ၊ ပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိပြီး ယနေ့ အစည်းအဝေးတွင် မိမိတို့ အစိုးရအဖွဲ့က ကြီးမှူး၍ လူငယ်လူရွယ်များအတွက် ပြည်နယ်နေ့ အထိမ်း အမှတ် မီနီမာရသွန်ပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး လိုအပ်သည်များနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရ မည့် လုပ်ငန်းဆောင်တာများ ဆောင်ရွက်နိုင်ရေး တက်ရောက်လာသူများအနေဖြင့် အကြံပြုဆွေးနွေး ဆောင်ရွက်သွားကြရေး တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူ၊ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဌေးတို့နှင့် အားက စားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက မီနီမာရသွန်ပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး စီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပြိုင်ပွဲကို အသက်(၁၅)နှစ်အောက်နှင့် အသက် ၁၅ နှစ်နှင့် အထက် ပိုင်းခြားသတ်မှတ်ထားရှိမှု၊ ဆုများ ချီးမြှင့်ပေးအပ်သွားမည့် အစီအစဉ်များ၊ ပြေးလမ်း သတ်မှတ်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ လိုအပ်ချက်များ၊ ပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို အသီးသီးဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးသည် အဆိုပါအစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၈ ရက်မှ ၁၂ ရက်နေ့ အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်သွားမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲတွင် ပြည်နယ်ကိုယ်စားပြု လက်ရွေးစင်ဂျူဒိုအသင်းနှင့် တွေ့ဆုံပြီး အသင်းနည်းပြ ဦးဝဏ္ဍထွန်းက ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်စခန်းသွင်းလေ့ကျင့်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက လက်ရွေးစင်ဂျူဒိုအသင်းအနေဖြင့် ယခင်နှစ်ရရှိခဲ့သည့် တံခွန်စိုက်ဆုများနှင့် အကောင်းဆုံးဆုများကို ယခုနှစ်တွင် ဆက်လက်ထိန်းသိမ်းကာကွယ်ယှဉ်ပြိုင်ကြရေး၊ ပြည်နယ် ဂုဏ်ဆောင်အားကစားသမားများအဖြစ် ကြိုးစားယှဉ်ပြိုင်၍ ဆုတံဆိပ်များ ရယူကြရန် လိုအပ်ပါ ကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးက လက်ရွေးစင်အသင်း အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစား သမားထံ အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ် (၃၀)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ရာ အသင်း အုပ်ချုပ်သူက ကတိပြုစကားပြောကြားကြောင်းသိရသည်။

အဆိုပါ ကချင်ပြည်နယ် ဂျူဒိုလက်ရွေးစင်အသင်းအနေဖြင့် ၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဂျူဒိုပြိုင်ပွဲတွင် ရွှေတံဆိပ် (၁၂)ခု၊ ငွေတံဆိပ် (၇)ခုနှင့် ကြေးတံဆိပ် (၅)ခုရရှိခဲ့ပြီး အမျိုးသားတံခွန်စိုက်၊ အမျိုးသမီးတံခွန်စိုက်ဖလားအပြင် အသင်းလိုက်စုပေါင်းတံခွန်စိုက်ဖလားနှင့် အတူ အမျိုးသားအကောင်းဆုံးကစားသမားဆု၊ အမျိုးသမီးအကောင်းဆုံးကစားသမားဆုများကို အသီးသီး ရရှိခဲ့ကြောင်း ပြည်နယ်ဂျူဒိုဆပ်ကော်မတီထံမှ သိရှိရသည်။

ပြည်နယ်ပြန်/ဆက်