လဲချားမြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

လဲချား ဇန်နဝါရီ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆) နှစ်မြောက်  လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နေ့လည်ပိုင်းက ဌာနဆိုင်ရုံးများသို့ အရောက်ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၄−၁−၂၀၂၃ရက်နေ့ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ “လွတ်လပ်ရေးဆိုသည်မှာ” ကဗျာ(မြင်းမူမောင်နိုင်မိုး)၊ “ပြည်တွင်းစည်းလုံးညီညွတ်မှုကသာလျှင် အဓိကအကျဆုံးဖြစ်” ဆောင်းပါး၊ ဗိုလ်ချုပ် အောင်ဆန်း ၂၀−၁−၂၉၄၆ ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်၊ “မြန်မာနိုင်ငံသားတို့၏ မွေးရာပါတာဝန်” ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၃ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ကောက်နုတ်ချက်နှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကာတွန်းများ ပါဝင်ကြောင်း သိရသည်။

လဲချား (မြို့နယ် ပြန်/ဆက်)