မိုင်းယောင်း ဇန်နဝါရီ ၂
ခရစ်သက္ကရာဇ်သည် တစ်ကမ္ဘာလုံး တရားဝင်အသုံးပြုကြသည့် သက္ကရာဇ်ဖြစ်သောကြောင့် နိုင်ငံတိုင်းတွင် ခရစ်သက္ကရာဇ် နှစ်သစ်သို့ ကူးပြောင်းသည့်အခါသမယကို ပျော်ပွဲရွှင်ပွဲများ ကျင်းပကာ ကြိုဆိုခဲ့ကြသည်။
ထိုသို့ ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်သို့ ကူးပြောင်းသည့် အခါသမယကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ ပြည်သူများက ခရစ်သက္ကရာဇ် နှစ်သစ်ကို တစ်ခဲနက်ကြိုဆိုခဲ့ကြရာ ယမန်နေ့က အမှတ် (၁) ရပ်ကွက်၌ မီနီမာရသွန်၊ အာလူးကောက်၊ စကောရွက်၊ ဖားခုန်၊ ဂိုးကျဉ်းထဲ ဘောလုံးကန်သွင်းခြင်း၊ ကြိုးခုန်၊ ပီနန်အိတ်စွပ်၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲစသည့် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ကာ ခရစ်သက္ကရာဇ် နှစ်သစ်ကို ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း သိရသည်။
မြတ်ဆုမွန်ဦး