လယ်ဝေးမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်ရေးသင်တန်း အမှတ်စဉ် (၁) ဖွင့်လှစ်၍ စာတွေ့ လက်တွေ့သင်ကြားပေးလျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၂

နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီမှ ကြီးမှူး၍ နေပြည်တော် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနနှင့် နေပြည်တော်လူငယ်ရေးရာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းသင်တန်းအမှတ်စဉ် (၁/၂၀၂၃) အား ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အားကစားလေ့ကျင့်ရေးစခန်း (၂) ၌ ဒီဇင်ဘာ ၂၇ ရက်မှစတင်၍ သင်ကြားပေးလျက်ရှိသည်။

အဆိုပါသင်တန်းသို့ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့မှ သင်တန်းသား၊ သင်တန်းသူ ၃၂ ဦး တက်ရောက်ကြပြီး  ဒီဇင်ဘာ ၂၇ ရက်နေ့မှ ဇန်နဝါရီ ၂ ရက်နေ့အထိဆပ်ပြာခဲအမျိုးမျိုး၊ ဆပ်ပြာရည်အမျိုးမျိုး၊ လက်သန့်ဆေးရည်၊ ခေါင်းလျော်ရည်အမျိုးမျိုးနှင့် Body Scrub စသည့် လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်းများအား သင်တန်းနည်းပြ ၃ ဦးက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိကြောင်းသိရသည်။

ဝေကြည်(ပြန်/ဆက်)