ပျော်ဘွယ်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေ

ပျော်ဘွယ် ဇန်နဝါရီ ၁

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ရောက်ရှိမည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က အခြေခံပညာအထက်တန်းကျောင်းခွဲ (ရွှေပြည်ရန်နိုင်)တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ဦးတည်ချက်များ၊ ပြည်တွင်း စည်းလုံးညီညွတ်မှုကသာလျှင် အဓိကအကျဆုံးဖြစ် ဆိုသည့်ဆောင်းပါး၊ မြန်မာနိုင်ငံသားတို့၏ မွေးရာပါတာဝန်များ၊ လွတ်လပ်ရေးဆိုသည်မှာ ကဗျာ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့တွင် ပေးပို့သည့် မိန့်ခွန်းကောက်နှုတ်ချက်၊ လွတ်လပ်ရေးနေ့သရုပ်ဖော်ပုံ စသည့်အကြောင်းအရာများပါဝင်ပြီး၊ ကျောင်းသား/သူ၊ လူငယ်လူရွယ်များအနေဖြင့် မိမိတို့နိုင်ငံ၏ အထင်ကရ နေ့ထူးနေ့မြတ်တို့ကို မမေ့လျော့ဘဲ အစဉ်အမြဲအမှတ်ရစေရန်နှင့် အဆိုပါနေ့ရက်များ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ပိုမိုလေ့လာသိရှိကြပြီး၊ နိုင်ငံ့အကျိုးပြုလူငယ်၊ လူရွယ်များ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ လွတ်လပ်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)