ကျောက်ဆည် ဇန်နဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် သံပုယိုသီးဈေးနှုန်းမြင့်တက်လာသဖြင့် သံပယိုစိုက်ပျိုးရောင်းချသူ များ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း ကျောင်းကုန်းကျေးရွာမှ သံပုယိုစိုက်ပျိုးရောင်းချသူသည့် တောင်သူတစ်ဦးထံမှ သိရသည်။
သံပုယိုသီးနှံစိုက်ပျိုးမည်ဆိုပါ အပင်ကိုင်းဖျာထွက်မှုကောင်းစေရေးနှင့် နေရောင်ခြည်အပြည့်အဝရှိစေရန်အတွက် အပင်ခြား၊ အတန်းခြား (၅)ပေမှ(၈)ပေ အကွာစိုက်ပျိုးကြကြောင်း၊ အပင်ကြီးထွားမှုနှင့် အသီးသီးနှုန်းကောင်းစေရန်အတွက် လိုအပ်သည့်အချိန်များတွင် ဆေးဖျန်းခြင်း၊ အာမိုမြေဩဇာကျွေးခြင်း ရေတင်ပေးခြင်းနှင့် ပေါင်းမြက်နှင့်မလိုအပ်သည့်ကိုင်းများကို ရှင်းပေးရကြောင်း ဂရုပြု ဆောင်ရွက်ရကြောင်း၊ စိုက်ပျိုးပါက အစေ့ပျိုးနှင့် ကိုင်းကူးမျိုးဟူ၍ (၂)မျိုးရှိကြောင်း သံပုယိုသီးနှံ စိုက်ပျိုးသူများအနေဖြင့် အစေ့ပျိုးပင်စိုက်ပျိုးခြင်းထက် အသီးမြန်မြန်သီးသည့် ကိုင်းကူးမျိုးများ ပို၍ စိုက်ပျိုးကြကြောင်း၊ ကိုင်းကူးမျိုး စိုက်ပျိုးပါက စိုက်ပျိုးပြီး(၈)လအရွယ်တွင် အပွင့်များ စတင်ပွင့်ပြီး(၁) နှစ်အကြာတွင် အသီးများ စတင်ခူးဆွတ် ရောင်းချရကြောင်း သိရသည်။
သံပုယိုသီးနှံသည် မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးနိုင်သည့် နှစ်ရှည်သီးနှံတစ်မျိုးဖြစ်ပြီး မြေနုကျွန်းများနှင့် နုန်းမြေများတွင် ကောင်းစွာဖြစ်ထွန်းကြောင်းနှင့် အစိုဓာတ်မပြတ်ရေသွင်းပေးရပြီး အပင်အပြုအစု ကောင်းပါက နှစ်ပတ်လည်နီးပါးအသီးသီးကြောင်း သံပုယိုသီးနှံတစ်ဧကစိုက်ပျိုးထားပြီး လက်လီရောင်းချမည်ဆိုပါက နေ့စဉ်နီးပါးခူးဆွတ် ရောင်းချနိုင်ကြောင်းနှင့် ပွဲရုံသွင်းရောင်းချပါက သုံးတင်းဝင် အိတ် တစ်လုံးအား ငွေကျပ်(၅၅၀၀၀)ကျပ်ဖြင့် ရောင်းချရသဖြင့် သံပုယိုစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)