သံဖြူဇရပ် ဇန်နဝါရီ ၁
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့မွန်းလွဲပိုင်းက သံဖြူဇရပ်မြို့နယ်၊ အမှတ်(၁)နှင့်(၂)အခြေခံပညာအထက်တန်းကျောင်းတို့၌ ဖြန့်ဝေပေးခဲ့သည်။
လက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အမျိုးသားရေးဦးတည်ချက်(၅)ရပ်၊ ပြည်တွင်းစည်းလုံးညီညွတ်မှုကသာလျှင် အဓိကအကျဆုံးဖြစ်၊ အမျိုးသားညီညွတ်ရေး၊ လွတ်လပ်ရေးနှင့်အချုပ်အခြာ မျိုးချစ်စိတ်နှင့်ကာကွယ်ပါ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၄-၁-၂၀၂၃ ရက်နေ့(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှကောက်နှုတ်ချက်၊ လွတ်လပ်ရေးနှင့်သက်ဆိုင်သည့် ကဗျာ၊ ကာတွန်းများ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့်သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား/သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)