မန္တလေး ဇန်နဝါရီ ၁
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဥ်ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မန္တလေး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းတွင် ယာယီဖွင့်လှစ်ထားသည့် ပညာရေးဒီဂရီကောလိပ်(ကသာ)၌ ရောင်းချပေးခဲ့ကြသည်။
အဆိုပါ စားသောက်ကုန်များ ရောင်းချပေးရာတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆီ၊ ကြက်ဥ၊ ဘဲဥ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သား၊ ဝက်သား၊ ဆိတ်သားနှင့် ငါးတို့ကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးရာ ပညာရေးဒီဂရီကောလိပ်မှ ဝန်ထမ်းများ၊မိသားစုဝင်များက ဝယ်ယူ အားပေးကြသည်။
ထိုသို ရောင်းချပေးရာသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝေဇင်ထွန်း၊ညွှန်ကြားရေးမှူး ဦးကောင်းမြတ်ဟိန်သူ၊အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးကြသည်။
ထို့နောက် တိုင်းအုပ်ချုပ်ရေးမှူနှင့်အဖွဲ့သည် ပညာရေးဒီဂရီကောလိပ်(ကသာ) ကျောင်းအုပ်ကြီးထံသို့ အလှူငွေငါးသိန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)