ကျိုက်မရော ဇန်နဝါရီ ၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်များအသိပညာဗဟုသုတ မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီ က. အ.လ.က ခွဲ သင်္ဃန်းချောင်ကျောင်း ခန်းမ၌ ပြုလုပ်သည်။
ဦးစွာ အ.လ.က.(ခွဲ) သင်္ကန်းချောင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်ဆွေက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ချိုမြတ်မြတ်ထွေးက လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်အားကစားမှူးဦးကိုကိုဝင်းက လူငယ်နှင့်အားကစား ခေါင်းစဥ်ဖြင့် ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး စကားဝိုင်းကိုကျင်းပရာ ဦးစီး အရာရှိဒေါ်ချိုမြတ်မြတ်ထွေးက ဦးဆောင် ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အ.လ.က(ခွဲ) သင်္ကန်းချောင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးဦးတို့က လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်ကျန်းမာရေး စသည့်ခေါင်းစဥ်များဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာမများက ကြည်ရူလေ့လာခဲ့ကြကြောင်း သိရသည်။
မိချို(ပြန်/ဆက်)