မြောက်ဥက္ကလာပ ဇန်နဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဥ်မှုဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံကျောင်းများသို့ ဆီ၊ ကြက်သား၊ ငါး၊ ကြက်ဥနှင့် ဘဲဥများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနိုင်ရန် မြို့နယ်အလိုက် ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက် ၉ နာရီခွဲအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ဆေးတက္ကသိုလ်(၂)နှင့် ဆေးဝါးကျွမ်းကျင်တက္ကသိုလ်ရှိ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများကိုလည်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် မြောက်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်လောဟာ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ရောင်းချပေးခဲ့ပြီး ဆီတစ်ပိသာလျှင် (၅၃၅၀)ကျပ်၊ ကြက်သားတစ်ပိသာလျှင် (၅၉၅၀)ကျပ်၊ ငါးမြစ်ခြင်းတစ်ပိသာလျှင် (၄၈၀၀)ကျပ်၊ ဘဲဥတစ်လုံးလျှင် (၂၈၀)ကျပ်၊ ကြက်ဥ(19Kg)တစ်လုံးလျှင် (၁၈၂)ကျပ်နှင့် ကြက်ဥ(20kg)တစ်လုံးလျှင် (၁၉၂)ကျပ်နှုန်းဖြင့် ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
“ပြင်ပဈေးထက် ဒီလိုလာရောက်ရောင်းချတာက ပိုဈေးသက်သာတယ်၊ ရပ်ကွက်တွေမှာရောင်းချပေးရင်လည်း ကိုယ်ကအလုပ်နဲ့ဆိုတော့ ဝယ်လို့အဆင်ပြေနိုင်မှာမဟုက်ဘူး၊ ခုလို ကျောင်းအထိ လာရောက်ရောင်းချပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”ဟု ဆေးတက္ကသိုလ်(၂)မှ ဆရာမတစ်ဦး၏ ပြောကြားချက်များကို သိရသည်။
မြမြဝင်း(ပြန်/ဆက်)