ပုသိမ်ကြီး ဇန်နဝါရီ ၁
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဥ်ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ သမဝါယမကောလိပ် (မန္တလေး)၌ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့သည်။
အဆိုပါ စားသောက်ကုန်များ ရောင်းချသော နေရာသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝေဇင်ထွန်း၊ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးသန်းစိုးနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ကြပြီး၊ ဆန်၊ ဆီ၊ ဆား၊ ကုန်စိမ်းနှင့် သား၊ ငါး များကို အဆိုပါ ကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါက်တာဒေါ်တင်မူအေး၊ ဒုတိယ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများက ဝယ်ယူခဲ့ကြသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝေဇင်ထွန်းနှင့် တာဝန်ရှိသူများသည် သမဝါယမကောလိပ် (မန္တလေး) အတွင်းရှိ ကျောင်းသား၊ကျောင်းသူများ၏ စားရိပ်သာနှင့် စားဖိုဆောင်များသို့ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)