လှည်းကူး ဇန်နဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲအား ယနေ့နံနက် ၁၀ နာရီက မင်းကုန်းကျေးရွာအုပ်စု၊ ဝါးယားကုန်းကျေးရွာရှိ အဆိုပါလမ်း မုဒ်ဦးရှေ့၌ ကျင်းပပြုခဲ့သည်။
ရှေးဦးစွာ လှည်းကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးက စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
ထို့နောက် ကွန်ကရစ်လမ်းသစ်အား အင်တိုင်တပ်နယ်၊ တပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနန်းထက်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအောင်မင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကွန်ကရစ်လမ်းအားလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါရွာတွင်း ကွန်ကရစ်လမ်းသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးရွာဖွံဖြိုးတိုးတက်ရေး(VDP)စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး လမ်းအရှည်(၆၄၀)ပေ၊ လမ်းအကျယ်(၁၀)ပေနှင့် ထု(၆)လက်မရှိပြီး အဆိုပါကွန်ကရစ်လမ်းဆောင်ရွက်ပေးခြင်းဖြင့် ကျေးရွာလူထုလူမှုစီးပွားရေးဖွံ့ဖြိုးရန်အတွက် အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)