မိုင်းယောင်းမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းတုံ ဇန်နဝါရီ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်း‌ကျော်က ယခင်နှစ်လွတ်လပ်ရေးနေ့ အခမ်းအနားထက် ဒီနှစ်အခမ်းအနား သာလွန်‌အောင်စီစဉ်လိုခြင်း၊ ပြိုင်ပွဲ‌တွေကိုလည်း ဇန်နဝါရီ(၃)ရက်နေ့အပြီး ဆောင်ရွက်၍ လွတ်လပ်ရေးနေ့အခမ်းအနားတွင်‌ ဆုများချီးမြှင့်နိုင်ရေး ဆောင်ရွက်ရန် အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုးက ယခင်နှစ်အစီစဉ်များကို ချပြခြင်းနှင့်  (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်နှင့်ပတ်သက်၍  ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို

ဆွေးနွေးသည်။ မြို့နယ်အားကစားတာဝန်ခံဦးကျော်ဇင်လတ်က ပိုက်ကျော်ချင်းကတော့ စတင်ပြိုင်နေပြီး၊ ထုပ်စည်းထိုး၊ ပြေးပွဲပြိုင်ပွဲ မီတာ(၄၀၀)၊ စကောရွက်၊ အာလူးကောက်၊ ဂုန်နီအိတ်စွပ်၊ လွန်ဆွဲစသည့် ပြိုင်ပွဲများကို (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုပေးနိုင်ရေးအတွက် ဇန်နဝါရီ(၃)ရက်နေ့အပြီး ဆောင်ရွက်သွားမည်ကို ဆွေးနွေးသည်။ ဆက်လက်၍ ခရိုင်/မြို့နယ်အဆင့်ကျန်ရှိသော ဌာနဆိုင်ရာများနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်းကျော်တို့က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)