ကျိုင်းတုံ ဇန်နဝါရီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့၊ နံနက်(၁၀)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အဆိုပါအစည်းအဝေးတွင် ကျိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလှိုင်းမောင်မောင်က အဖွင့်အမှာစကားပြောကြားရာတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့်သဝဏ်လွှာဖတ်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကြိုတင်ပြင်ဆင်ထားရှိရန်၊ မိမိတို့ရုံးဌာနအလိုက် အလှမီးများထွန်းညှိထားရန်နှင့် နိုင်ငံတော်အလံလွှင့်ထူထားကြရန် ပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာသော မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို အသီးသီးဆွေးနွေးတင်ပြကြရာ ဥက္ကဋ္ဌဦးလှိုင်းမောင်မောင်က လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)