မဟာအောင်မြေမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို လက်ကမ်းစာစောင်များဖြန့်ဝေ

မဟာအောင်မြေ ဇန်နဝါရီ  ၁

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် လက်ကမ်းစာစောင်များအား အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ယနေ့နံနက်ပိုင်းက (အခမဲ့) ဖြန့်ဝေခဲ့သည်။

အဆိုပါ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်နှင့် ဝန်ထမ်းများက ကျောင်းသား/သူများ လွတ်လပ်ရေးနေ့ကို အမြဲအမှတ်ရစေရန်နှင့် မျိုးချစ်စိတ် ဓာတ်ရှင်သန်ထက်မြတ်စေရန်၊(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ်ကို သိရှိစေရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများတွင်  လက်ကမ်းစာစောင်များအား (အခမဲ့) ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

အောင်ဇော်မင်း