မိုင်းရယ် ဇန်နဝါရီ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် အောင်ချက်မြင့်မားရေးအတွက် G-5 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် တန့်ယန်းခရိုင် ပညာရေးမှူးဆရာကြီးဦးကြည်လွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဆရာမကြီးဒေါ်သန်းသန်းမော်က စာမေးပွဲဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ G-5 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးသူ ဘာသာရပ်နည်းပြဒေါ်အိမွန်ထွေး (မူအုပ်/မူလွန်၊လွယ်ငင်းလေး)ပါ နည်းပြ ၅ ဦးက ဘာသာရပ်အလိုက် အမှတ်ပေးစည်းမျဉ်းများဆိုင်ရာများ၊ မေခွန်းထုတ်သည့်ပုံစံများကို အပြန်အလှန်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် G-5 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားသို့ မြို့နယ်အဆင့် ကျောင်းအုပ်ဆရာ/မကြီးများနှင့် G-5 သင် ဆရာ/မ ၁၅၆ ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)