ပင်းတယမြို့နယ်တွင် (၇၆)နှစ်‌မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ပင်းတယ ဇန်နဝါရီ ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့(အ.ထ.က)ကြိုသက်ကျောင်း၌ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ယနေ့နံနက် ၁၀နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ) ဝန်ထမ်းများမှ အခမဲ့ဖြန့်ဝေ‌ပေးခဲ့သည်။

အဆိုပါလက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ(၂၀)ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ (၄-၁-၂၀၂၃)ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ ဆောင်းပါး၊ ကာတွန်းနှင့်ကဗျာ စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

အောင်ကိုဦး(ဒေသပြန်/ဆက်)