ထန်းတပင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများမြန်မာ အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့ စမ်းသပ်မဲပေးလေ့လာခြင်းဆောင်ရွက်

ထန်းတပင် ဒီဇင်ဘာ ၃၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့်မဲပေးခြင်း အသိပညာပေးလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်လေးခုရှိ မြို့နယ်လေးမြို့နယ်တို့တွင် ဒီဇင်ဘာလ(၄)ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိပြီး မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဉ်ကိုလည်း တစ်ပြိုင်တည်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒီဇင်ဘာလ(၃၀)ရက်နေ့တွင်လည်း ရန်ကုန်တိုင်းဒေသကြီး၊  ထန်းတပင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ပထမနေ့အဖြစ် ထန်းတပင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ထန်းတပင်မြို့နယ်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၃၀)တို့မှ မဲဆန္ဒရှင်ပြည်သူ(၂၄၀)ဦး၊ စုစုပေါင်း မဲဆန္ဒရှင်ပြည်သူ (၄၉၆)ဦး တက်ရောက်ကာ လက်တွေ့စမ်းသပ်မဲပေးလေ့လာခဲ့ကြကြောင်းနှင့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများက မဲဆန္ဒရှင်ပြည်သူများအား ရှင်းလင်းပြသဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)