တန့်ယန်း ဒီဇင်ဘာ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ခရိုင်ပညာရေးဌာနမှ ကြီးမှူး၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် Grade-5 စာမေးပွဲဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲတွင် တန့်ယန်းခရိုင်ပညာရေးမှူး ဦးကြည်လွင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ အခြေခံပညာ မူလတန်းအဆင့် Grade-5 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲအား မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမ စုစုပေါင်း (၁၈၅)ဦး တက်ရောက်ကြပြီး အလုပ်ရုံ ဆွေးနွေးပွဲကို နှစ်ရက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)