ညောင်ဦး ဒီဇင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများက ညောင်ဦးခရိုင်အတွင်းရှိ စာသင်တိုက်များအတွက် ဆွမ်းကွမ်းဝေယျာဝစ္စအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ လှူဒါန်းခြင်းအခမ်းအနားကို ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ ၂ နာရီအချိန်ကပြုလုပ်ခဲ့ကြောင်း သိရသည်။
လှူဖွယ်ပစ္စည်းနှင့် ဝတ္တုငွေဆက်ကပ်လှူဒါန်းပွဲတွင် နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ကာ ညောင်ဦးမြို့နယ် မဟာဝိသုတာရုံတိုက်သစ် တိုက်အုပ် ဆရာတော် ဘဒ္ဒန္တဝါသေဌ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြ သည်။ ပြီးနောက် ပင့်သံဃာအရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညို ကြကာ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ များ၊ ညောင်ဦး ခရိုင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ္ ဒေါ်ထွေးထွေးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းမှ အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီး ရေးရာ အဖွဲ့ဝင်များမှ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ပြီးနောက် မဟာဝိ သုတာရုံတိုက်သစ် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဝါသေဌ အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေးကြကာ လှူဖွယ် ပစ္စည်းများနှင့် ဝတ္တုငွေဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်း အနား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ဒီပါလင်း