ချမ်းမြသာစည် ဒီဇင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ သတင်းစကားလက်ကမ်း စာစောင်များအား ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၃၁) (အ.ထ.က)ကျောင်း၌ သွားရောက်ဖြန့်ဝေခဲ့သည်။
လက်ကမ်းစာစောင်များကို ဖြန့်ဝေရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်ဖြန့်ဝေခဲ့ရာ အဆိုပါ လက်ကမ်းစာစောင်များကို ဖြန့်ဝေရာတွင် ကျောင်းသားလူငယ်များအား အသိပညာ တိုးပွားစေရေးနှင့် လွတ်လပ်ရေးရရှိရန် ကြိုးပမ်းမှုပုံရိပ်များ၊ လွတ်လပ်ရေးကို အစဉ်တန်ဖိုးထားတတ်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ စီစဉ်ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့သည်။
လက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဦးတည်ချက်များ၊ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ(၂၀)ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ (၄-၁-၂၀၂၃) ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ပြောကြားခဲ့သည့်မိန့်ခွန်းကောက်နုတ်ချက်၊ ပြည်တွင်း စည်းလုံးညီညွှတ်မှုသာလျှင် အဓိကအကျဆုံးဖြစ်ကြောင်း ဆောင်းပါး၊ ကာတွန်းနှင့်ကဗျာ စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
ချမ်းမြေ့