ကျောက်ဆည်မြို့၌ အခြေခံပညာဘာသာရပ်များ သင်ကြားရာတွင် ထိရောက်အောင်မြင်စေရေး ခရိုင်အဆင့် သင်ထောက်ကူပြိုင်ပွဲကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သုံးထပ်ဆောင်အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက  ကျောင်းသား/ကျောင်းသူများ အခြေခံပညာဘာသာရပ်များ သင်ကြားရာတွင် ထိရောက် အောင်မြင်ရေး ခရိုင်အဆင့် သင်ထောက်ကူပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ကျောက်ဆည်၊ မြစ်သား၊ စဉ့်မြို့နယ်အတွင်းရှိ  အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများမှ မြို့နယ်ကိုယ်စားပြု အတန်းစဉ်ဘာသာရပ်များအလိုက် သင်ထောက်ကူဆိုင်ရာ ရုပ်ပုံကားချပ်များ၊ ပစ္စည်းများဖြင့် အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ရာ ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မာကြည်နှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲပြီး အမှတ်ပေးကော်မတီအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပြိုင်ပွဲစည်းမျဉ်းစည်ကမ်းများနှင့်အညီ အမှတ်ပေးအကဲဖြတ်ခဲ့ကြောင်း သင်ထောက်ကူပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ တွေးခေါ်မှုစွမ်းရည်များ မြင့်မားလာကာ တီထွင်ကြံဆ လုပ်ကိုင်ခြင်းများ ပိုမိုရှိလာကြပြီး ဗလငါးတန်နှင့်ပြည့်စုံ၍ သင်ကြား/သင်ယူမှုများ ဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်စွာ သဘောပေါက်နားလည်ခြင်း အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)