မိုးကောင်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲနှင့် ဟောပြောပွဲကျင်းပ

မိုးကောင်း ဒီဇင်ဘာ ၂၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲနှင့် ဟောပြောပွဲကို အထက(၂)ကျောင်းရတနာခန်းမ၌ ဒီဇင်ဘာ (၂၇)ရက်နေ့ နံနက်(၉)နာရီတွင် ကျင်းပခဲ့သည်။

အခမ်းအနားကို အထက(၂)ကျောင်းသား၊ ကျောင်းသူများက ဘက်စုံပညာရည် တို့လှမ်းချီ တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုဖွင့်လှစ်ပြီး မြို့နယ်ပညာ ရေးမှူး ဒေါ်နွယ်နွယ်က အထိမ်းအမှတ် အခမ်းအနားနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိအိထွန်းက လွတ်လပ်ရေးနှင့် ပတ်သက်သည့် သိကောင်းစရာ များကို ဟောပြောပြီး မိုးကောင်းအထက(၁)နှင့် အထက(၂)၊ အလက-သူဌေးကုန်း၊ မူလွန်-အရှေ့ရပ် ကျောင်းတို့မှ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးတို့က ထိန်းသိမ်းစို့လေ လွတ်လပ်ရေးအမွေ၊ လွတ်လပ်ရေးနှင့် နိုင်ငံသားတာဝန်၊ ထာဝစဉ် ထိန်းသိမ်းပေး လွတ်လပ်ရေး စသည့်ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် အမက-အလယ်ရပ်ကျောင်းသား၊ ကျောင်းသူများက ထာဝရမြန်မာတေးသီချင်းဖြင့် ကပြဖျော်ဖြေကာ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)