လှည်းကူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(ကြို့ကုန်း)တွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လှည်းကူး   ဒီဇင်ဘာ   ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ မြို့နယ်ကုသရေးဌာနမှ သွားဘက်ဆိုင်ရာဆရာဝန်နှင့် ကျေးလက်ကျန်းမာရေးဌာနတို့ပူးပေါင်း၍ ကြို့ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲရှိ ကျောင်းသား/သူများအား ယမန်နေ့နံနက်ပိုင်းက ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်း၍ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်း၍ ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ပေးရာတွင် မြို့နယ်ကုသရေးဌာနမှ သွားဘက်ဆိုင်ရာဆရာဝန်ဒေါက်တာတင်နိုင်နှင့် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဒေါ်ချောစုဝင်းနှင့်အဖွဲ့သည် ကျောင်းသား/သူ(၁၁၄)ဦးအား အထွေထွေကျန်းမာရေး စစ်ဆေးပေးခြင်း၊ မျက်စိကျန်းမာရေးစစ်ဆေးပေးခြင်း၊ သံဓာတ်အားဆေးတိုက်ကျွေးခြင်းနှင့် သွားကျန်းမာရေးစစ်ဆေးပေးပြီး ကျောင်းသား/သူ(၄၄)ဦးအား သွားနုတ်ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)