မင်္ဂလာဒုံ ဒီဇင်ဘာ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားပင်စင်လစာငွေများကို လစဥ်ပုံမှန်ထုတ်ပေးလျက်ပြီး ပင်စင်လစာလာရောက်ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ယမန်နေ့ နံနက်ပိုင်းက အခြေခံစားသောက်ကုန်ပစ္စည်းဖြစ်သည့် ခေါက်ဆွဲခြောက်ထုပ်များကို တာဝန်ရှိသူများက သွားရောက်ကာ ထောက်ပံ့ပေးအပ်သည်။
အခြေခံစားသောက်ကုန်ပစ္စည်းထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်နှင့် တာဝန်ရှိသူများက မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက်ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခြေခံစားသောက်ကုန်ပစ္စည်းဖြစ်သည့် ခေါက်ဆွဲခြောက်ထုပ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြတ်သူဇာ (မင်္ဂလာဒုံ)